Providing parents and teachers with the language and educational books to help children with knowledge and healthy habits.You can look up a variety of books easily in this website ...
Spot On Reading
Tags: early learning, age 5-7
Spot On Reading
21ရာစုမှာ IQ,EQထက်မြက်တဲ့သားသားမီးမီးတို့ဖြစ်လာစေဖို့ ငယ်ငယ်တည်းက ပြုစုပျိုးထောင် လေ့ကျင့်ပေးဖို့လိုအပ်လာပြီလေ။ IQထက်မြက်ဖို့ ညဏ်ကောင်းစေတဲ့ အစားအစာတွေစားပေးရမယ်။ ဗဟုသုတရစေမယ့် စာအုပ်ကောင်းတွေ ဖတ်ရှုရမယ်။ General knowledge ရှိလာအောင်လည်း ကိုယ့်ဘာသာကိုယ်ရော ဖေဖေမေမေတို့ကိုယ်တိုင်ကပါ ဖေးမကူညီပြီး ကြိုးစားရင် IQမြင့်တဲ့ သားသားမီးမီး တွေဖြစ်လာနိုင်တာပေါ့။
EQ မြင့်ဖို့ဆိုရင်လည်း အပေါင်းအသင်းတွေကြားထဲ ကောင်းမွန်စွာပြောဆိုဆက်ဆံတတ်လာအောင် ဖေဖေမေမေတို့က mannersကောင်းတွေသင်ကြားပေးမယ်။ စာအုပ်၊ youtube၊ နေ့စဥ်အပြောအဆို၊ အပြုအမူ၊ အနေအထိုင်တွေကတစ်ဆင့် သားသားမီးမီး တို့အတုယူနိုင်အောင် လေ့ကျင့်ပေးကြရင်း IQ, EQ ထက်မြက်တဲ့သားသားမီးမီးတို့ ဖြစ်လာစေနိုင်မှာပါ။
ONE ONE Books Shop ကနေလည်း သားသားမီးမီး တို့ရဲ့ IQ, EQထက်မြက်စေဖို့ စာအုပ်ကောင်းများနှင့် မိတ်ဆက်ပေးချင်ပါတယ်။ IQ, EQ ကောင်းစေဖို့အတွက် ဆိုရင်တော့ စာစဖတ်မဲ့ အချိန်ထဲက အထောက်အကူဖြစ်စေမယ့် Spot on Reading books series တွေကတော့ အသင့်တော်ဆုံးရွေးချယ်မှုဖြစ်စေမှာပါ။ Spot on Reading books series မှာဆိုရင် သားသားမီးမီးတို့ နေ့စဥ်ပြောဆို
ဆက်ဆံမှုဘဝထဲ မိမိကိုယ်ကိုယုံကြည်မှုရှိလာစေပြီး knowledge ပေါင်းများစွာပါဝင်တဲ့ stories 10ခု ကို ပြည့်ပြည့်စုံစုံ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ အသက် ၄နှစ်မှ ၇နှစ်အရွယ် စာဖတ်သင်ချိန် သားသားမီးမီး တို့ စူးစမ်းလေ့လာနိုင်စွမ်းထက်မြက်လာစေပြီး comprehension skill တိုးတက်လာအောင် exercises (Read and understand) များလည်းပါဝင်ပြီး Educator's guide လေး ပေးထားတာကြောင့် ဖေဖေမေမေတို့အနေနဲ့လည်း သားသားမီးမီး တို့စာဖတ်ချိန်အခက်အခဲများကိုကောင်းမွန်စွာဖြေရှင်းပေးနိုင်မှာ အသေအချာပါပဲ။